Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ လေပြင်းဘေးအန္တရာယ်တို့နှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့ (၀၇:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ မကွေးမြို့နယ်၊ ကံလှကျေးရွာ၊ ဒဟတ်ကန်ကျေးရွာများသို့ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်း ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို Loud speaker အသုံးပြု၍ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ar
#mgy_Jul2020

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events