Category Archives: News
-
COVID-19 ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဒုတိယအကြိမ်မြောက် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိူင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၇.၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ Covid.19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကတ်ထိုက်စျေး၊ ကျိုင်းတုံမြို့၌ ပြည်သူများသို့ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ Maskများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများကပ်ပေးခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2020 Source: ကျိူင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ စေတနာပရဟိတအသင်းမှ Volunteer များ၊ စျေးကော်မတီဝင်များနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအသိပညာပေး Campaign အစီအစဥ်အား မူဆယ်မြို့နယ်၊ ကောင်းနောင်ရပ်ကွက်ရှိ အမှတ်(၂)စျေးတွင် ပြည်သူများသို့အသိပညာပေးခြင်း၊ Mask ၊ဆပ်ပြာ၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းနှင့် ဗွီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2020 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဒုတိယအကြိမ်မြောက် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင် ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၁၀-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ်ကွဲနုံးတန်းကျေးရွာအုပ်စုအတွင်းရှိ ကညင်ချောင်း ကျေးရွာ၊ ဝါးတောစုကျေးရွာ၊ နုံးတန်းကျေးရွာ၊ ရွှေခတ်ကျေးရွာနှင့် ဖိုးရွှေမင်းကျေးရွာတို့အတွင်း Covid-19 ကူးစက်မှု ဒုတိယ လှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အသိပေး ကြေညာချက်များအား လော်စပီကာများဖြင့် လှည့်လှည်၍ အသိပညာပေးဆောင်ရွက်ခြင်း၊ မိုးကြိုးဘေး/ မုန်တိုင်းဘေး အန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဝေငှခြင်းများဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၀) ရက်နေ့ ၊ (၁၁:၀၀)နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ အစယ်အုပ်စု၊ (အိုးလယ်ပင်း၊ မဲဇင်း၊ ရွာသစ်၊ ဝါးတောချောင်း၊ သာယာကုန်း၊ ခတ္တိယ၊ ကော်ကုန်း) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါ (ဒုတိယအကြိမ်) အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် ပက်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များ၊ သဘာ၀ဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေ ပြည်သူလူထုအား အသိပညာပေးလှည့်လည်နိုးဆော်ခြင်းနှင့် … Read more
-
COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈- ၇- ၂၀၂၀) ရက်နေ့ နံနက်(၁ဝ:၀၀)နာရီအချိန်မှ နေ့လည် (၁၃:၀ဝ)နာရီအချိန်ထိ ဘားအံမြို့နယ်အတွင်းရှိ ဖားလင် (၁) ကျေးရွာ၊ ဖားလင် (၂) ကျေးရွာနှင့် ဝင်းကျန်ကျေးရွာများသို့ သွားရောက်၍ COVID -19 ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်း များ၊ ရေဘေး၊ မိုးကြိုးဘေးနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇- ၇- ၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်မှ နေ့လည် (၁၄:၃၀)နာရီအချိန်ထိ လှိုဘားအံမြို့နယ်အတွင်းရှိ ရွှေ တောကျေးရွာ တောင်သူကုန်းကျေးရွာနှင့် ကော့သံခါကျေးရွာမျာသို့ သွားရောက်၍ COVID – 19 ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်း များ၊ ရေဘေး၊ လေဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ အသိပညာပေးဟော ပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jul2020 Source: … Read more
-
(Covid-19) ကူးစက်ရောဂါနှင့် အသိပညာပေးခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
(၉-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်း၍ (Covid-19) ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကျိုင်းတုံမြို့ ပေါ်ရှိ စားသောက်ဆိုင်များ၌ ပြည်သူများကို ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ (Campaign) ဆောင်ရွက် ခြင်းဖြင့် Maskများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လက်ဆေး ဆပ်ပြာများ၊ ဗီနိုင်းများ ကပ်ခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀)ရက်နေ့တွင် မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ ဖဲဂဇက်ကျေးရွာအုပ်စု၊ မနူနာကျေးရွာ၌ လေပြင်တိုက်ခတ်မှု ကြောင့် သစ်ကိုင်းကျိုးကျပြီး အမိုးထိခိုက်ပျက်စီးခဲ့သော အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦး အတွက် ဆန်ရိက္ခာဖိုးနှင့် ထောက်ပံ့ငွေကျပ် (၃၀,၅၀ဝ/-)(သုံးသောင်းငါးရာကျပ်တိတိ)အား(၁ဝ-၇-၂၀၂၀)ရက်နေ့၊ (၁၀ :၀၀) နာရီအချိန်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ဘေးသင့်သူများ သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_jul2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ပျံ့ပွားမှုမဖြစ်စေရန် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEFနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် ကျောက်မဲမြို့ရှိ ဈေးသစ် (မင်္ဂလာဈေး)၊ အောင်စည်စားသောက်ဆိုင်၊ ရွှေထိုက်စားသောက်ဆိုင်နှင့် ရွှေယမင်းစားသောက်ဆိုင်များတွင် ပြည်သူလူထုထံသို့ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း (Campaign) များဆောင်ရွက်ခြင်းဖြင့် Mask များ၊ လက်ဆေးဆပ်ပြာများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jul2020
-
COVID-19 ကူးစက် ရောဂါနှင့်သဘာဝဘေးနှင့်ပတ်သတ်သည့် ဒုတိယအကြိမ်မြောက် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရွှေတောက်ကျွန်းကျေးရွာအုပ်စု၊ ရွှေတောက်ကျွန်း ကျေးရွာ၊ အိုးဘိုလေးကျေးရွာ၊ ကြာအင်ကွင်းကျေးရွာ၊ သင်းမြှောင်းကျေးရွာတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိ တာ၀န်ရှိသူများနှင့်အတူ (၉-၇-၂၀၂၀)ရက်နေ့၌ (၁၁:၀၀)နာရီအချိန်၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိ သော COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့ အား ဒုတိယအကြိမ် အသိပညာပေးခြင်းနှင့် ကျန်းမာရေးအရေးပေါ်သုံး First Aid Kit များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: … Read more









