Category Archives: News
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့ တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ဆယ်ပလာကျေးရွာနှင့် ခရိုက်နှီးဟုကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြို ဘေး၊ မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #mon_jul2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက် နေ့၊ (၁၀:၀၀) နာရီအချိန်မှစတင်၍ ကျောက်တံခါးမြို့နယ် ရေရှန်ကျေးရွာ၊ လေးအိမ်စုကျေးရွာ၊ ကြိတ်ကွင်းကျေးရွာ၊ နွားရေချောင်းကျေးရွာ၊ ကျေးရိုးကျေးရွာ၊ ဆာဂဝန်ကျေးရွာ၊ ဂျကနက် ကျေးရွာများရှိပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jul2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ကူးစက်မှုဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၁၃-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန် မှ (၁၁:၀၀) နာရီ အချိန်ထိ လပွတ္တာမြို့နယ်၊ ညောင်လန်းကျေးရွာအုပ်စုအတွင်းရှိ ၊ ကျောင်းသစ်ကျေးရွာ၊ ပက် ကိတ်လေးကျေးရွာနှင့် ညောင်ချောင်းကျေးရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို အများ ပြည်သူများ သိရှိလိုက်နာရန် Loud Speaker ဖြင့် လှည့်လှည်၍ … Read more
-
Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးတို့နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုး ဘေးနှင့် လေပြင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို လော်စပီကာများအသုံးပြု၍ မကွေးမြို့၊ အောင်မေတ္တာ(ဃ)ရပ်ကွက်တွင် (၁၃-၇-၂၀၂၀) ရက်နေ့ (၇:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ ဆောင်ရွက်ခဲ့ပါ ကြောင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ar_tls_sgw #mgy_jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၅:၃၀) နာရီအချိန်အထိ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုကို ဖျာပုံမြို့နယ်၊ ဂျိုးဝါကြံခင်းစုကျေးရွာအုပ်စု၊ ကြံခင်းစုကျေးရွာ၊ အလန်းအုပ်ကျေးရွာ၊ကွန်ဒိုင်းကျေးရွာ၊ တူးမြောင်းကျေးရွာ၊ တမံကျေးရွာ၊ထလွန်ကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးခြင်းနှင့် အသိပညာပေးဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #ayy_Jul2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရွှေကူမြို့၊ နှစ်ခြင်း IDPs စခန်းရှိ အိမ်ထောင်စု(၈၄)စု၊ လူဦးရေ (၃၀၆) ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၃၀၆)ခဲနှင့် ကက်သလစ် IDPs စခန်းရှိ အိမ်ထောင် စု (၄၂) စု၊ လူဦးရေ (၁၇၆) ဦးတို့အတွက် ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၁၇၆) ခဲ၊ စုစုပေါင်း ထုံး (၂၀) အိတ်၊ … Read more
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
ဇူလိုင် ၁၂၊ နေပြည်တော် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေစတင်ဝင်ရောက်ခဲ့ရာ (၁၂-၇-၂၀၂၀)ရက်နေ့ ညနေ(၁၅:၀၀) အချိန်ခန့်အထိ မြစ်ကြီးနားမြို့၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်းနှင့် မြို့သစ်ကြီးရပ်ကွက်တို့မှ အိမ်ထောင်စု(၁၃၆)စု၊ လူဦးရေ (၅၇၉)ဦးတို့သည် ရေဘေးကယ်ဆယ်ရေးစခန်း(၉)ခုသို့လည်းကောင်း၊ ဝိုင်းမော်မြို့၊ အမှတ်(၁) နှင့် သပြေကုန်းရပ်ကွက်တို့မှ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၂)ဦးတို့သည် အထက(၂)ရေဘေး ကယ်ဆယ်ရေး စခန်းသို့လည်းကောင်း ခေတ္တပြောင်းရွှေ့ခိုလှုံလျက် ရှိကြောင်း သိရှိရပါသည်။ ရေကြီးရေလျှံမှုများဖြစ်ပွားသည့်နေရာများသို့ … Read more
-
ဧရာဝတီမြစ်ရေ မြင့်တက်လာနိုင်မှုကြောင့် မြစ်ကမ်းဘေးနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြပါရန် အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ (၁၂-၇-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန် ထုတ်ပြန်ချက်များအရ ကသာမြို့၏ ဧရာဝတီမြစ်ရေသည် (၉၅၀) စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် (၃) ရက်အတွင်း စိုးရိမ်ရေမှတ် (၁၀၄၀) စင်တီမီတာသို့ ရောက်ရှိနိုင်ပါသဖြင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ဒုံးအော့ကျေးရွာ၊ မြိုင်သာယာကျေးရွာ၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ရှမ်းကျွန်း၊ ပုလွေရွှေကျေးရွာ၊ ရေလယ်ကျွန်း ကျေးရွာ၊ ပိုးဇာကုန်းကျေးရွာ၊ ကျောက်ထုံးကြီးကျေးရွာ၊ ဝေစွယ်ကျေးရွာ၊ အထက်သဖန်းဒေါင့်ကျေးရွာ၊ အောက်သဖန်းဒေါင့်ကျေးရွာ၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၂၀) ရက်နေ့တွင် ထားဝယ်မြို့နယ်အတွင်းရှိ ကျောက်ရပ်ကျေးရွာနှင့် ပေါက်တိုင်းကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပက်သက်၍ လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာ ခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၅:၃၀) အချိန်အထိ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုကို ဖျာပုံမြို့နယ်၊ ကျုံစုတ်ဂုံညင်းတန်းကျေးရွာအုပ်စု၊ ဂုံညင်းတန်းကျေးရွာ၊ ကျုံစုတ်ကျေးရွာ၊မင်းလှစုကျေးရွာ၊ ဗန်းမောင်စုကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက် ခဲ့ခြင်းနှင့် အသိပညာပေးဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_Jul2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)









