Covid-19‌ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့် ဆောင်ရန်‌/ ရှောင်ရန်အချက်များအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၂၀) ရက်နေ့တွင် ထားဝယ်မြို့နယ်အတွင်းရှိ ကျောက်ရပ်ကျေးရွာနှင့် ပေါက်တိုင်းကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် Covid-19‌ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပက်သက်၍ လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့် ဆောင်ရန်‌/ ရှောင်ရန်အချက်များအား   ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာ ခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#tny_jul2020

Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events