လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၁၃-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန် မှ (၁၁:၀၀) နာရီ အချိန်ထိ လပွတ္တာမြို့နယ်၊ ညောင်လန်းကျေးရွာအုပ်စုအတွင်းရှိ ၊ ကျောင်းသစ်ကျေးရွာ၊ ပက် ကိတ်လေးကျေးရွာနှင့် ညောင်ချောင်းကျေးရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို အများ ပြည်သူများ သိရှိလိုက်နာရန် Loud Speaker ဖြင့် လှည့်လှည်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)