လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ (၁၂-၇-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန် ထုတ်ပြန်ချက်များအရ ကသာမြို့၏ ဧရာဝတီမြစ်ရေသည် (၉၅၀) စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် (၃) ရက်အတွင်း စိုးရိမ်ရေမှတ် (၁၀၄၀) စင်တီမီတာသို့ ရောက်ရှိနိုင်ပါသဖြင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ဒုံးအော့ကျေးရွာ၊ မြိုင်သာယာကျေးရွာ၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ရှမ်းကျွန်း၊ ပုလွေရွှေကျေးရွာ၊ ရေလယ်ကျွန်း ကျေးရွာ၊ ပိုးဇာကုန်းကျေးရွာ၊ ကျောက်ထုံးကြီးကျေးရွာ၊ ဝေစွယ်ကျေးရွာ၊ အထက်သဖန်းဒေါင့်ကျေးရွာ၊ အောက်သဖန်းဒေါင့်ကျေးရွာ၊ သပြုကုန်းကျေးရွာ၊ စစ်ကုန်းကျေးရွာ၊ လက်ပံဇင်ကျေးရွာတို့အား သတိပြု နေထိုင်ကြရန် ကြိုတင်အသိပေး နှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_Jul2020
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)