Category Archives: News
-
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကြိုတင်ပြောင်းရွေ့ နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့၊ အမှတ်(၇) ရပ်ကွက်နှင့် အမှတ် (၈) ရပ်ကွက်တို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကြိုတင်ပြောင်းရွေ့ နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ စုစုပေါင်းလူဦးရေ (၃၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၈၁,၉၀ဝ/-) ကျပ်အား (၁၇-၇-၂၀၂၀) ရက်နေ့ (၁၄း၀၀)အချိန်တွင် ချောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ ဝက်စားပိုးကျေးရွာ၊ ညောင်ဇင်ကျေးရွာ၊ ထန်းကုန်းကျေးရွာ၊ မြောက်လွှတ်ကုန်းကျေးရွာ၊ ပန်းတင် ကျေးရွာ၊ တယ်ပင်ကန်ကျေးရွာ၊ နဂျီချောင်းကျေးရွာနှင့် ကရင်ကွင်းကျေးရွာများတွင် Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်၊ ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_jul2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မြန်ရောဂါ၊ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး တို့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့တွင် နံနက် (၀၈:၀၀) နာရီချိန်မှ နေ့လည်(၁၂:၀၀)နာရီချိန်ထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အတွင်းရှိ ချောင်းဖျားကျေးရွာ၊ ကော့ကသောင်ကျေးရွာ၊ အုန်းတပင်ရွာသစ်နှင့် အင်းကြီးကျေးရွာအုပ်စုအတွင်းရှိ အင်းကြီးကျေးရွာ၊ နွားခြံကုန်းကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးများနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား လော်စပီကာဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်တွင် (၁၂-၇-၂၀၂၀)ရက်နေ့ (၁၄:၄၀) နာရီအချိန်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့် အိမ်ထောင်စု (၁)စု၊ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၀,၅၀ဝ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ/-)အား (၁၇-၇-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_jul2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ စွမ်စော်ရပ်ကွက်မှတာဝန်ရှိသူများ၊ စေတနာပရဟိတအသင်းမှ Volunteer များနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး Campaign အစီအစဉ်အား မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်၊ မန့်ဝိန်းနယ်မြေရှိ အ.ထ.က(ခွဲ)၊ (မန့်ဝိန်း)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံရေးကာလ၌ မိဘ၊ ဆရာများ၊ ကျောင်းသူ/သားများသို့ အသိပညာပေးခြင်း၊ Mask ၊ ဆပ်ပြာ၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းနှင့် ဗွီနိုင်း၊ ပိုစတာကပ်ခြင်းများ … Read more
-
ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ လမ်းကူ ကျေးရွာ၌ (၁၅-၇-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု(၁၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၁,၈၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၂၁,၈၀၀/-) ကျပ်တို့အား (၁၆-၇-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_Jul2020 Source: … Read more
-
COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ကျောက်မိချောင်း (မြောက်) ကျေးရွာ၊ ဝယ်ပေါင်ကျေးရွာနှင့် ကွင်းရှည်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွား စေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တရာယ်များကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Jul2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ တရုတ်မှော် ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၌ (၁၆-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်ခန့်တွင် မြစ် ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုရွှေ့ပြောင်း နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်၊ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၃,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၃၃,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၆) အိမ်ထောင်စာတို့အား (၁၇-၇-၂၀၂၀) … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေးနှင့် စပ်လျဥ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ်၊ ဇီးချိုပင်ကျေးရွာတွင် Covid-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေးနှင့် စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက် အလက်များ၊ သဘာဝဘေး အသိပညာပေးခြင်းအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာ ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jul2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့၊ အမှတ်(၇) ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်တို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကြိုတင်ပြောင်းရွေ့ နေအိမ် (၁၇) လုံး၊ အိမ်ထောင်စု (၁၈) စု၊ စုစုပေါင်းလူဦးရေ (၇၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၁၅၃,၃၀ဝ/-) ကျပ်အား (၁၆-၇-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jul2020 … Read more









