Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ စွမ်စော်ရပ်ကွက်မှတာဝန်ရှိသူများ၊ စေတနာပရဟိတအသင်းမှ Volunteer များနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး Campaign အစီအစဉ်အား မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်၊ မန့်ဝိန်းနယ်မြေရှိ အ.ထ.က(ခွဲ)၊ (မန့်ဝိန်း)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံရေးကာလ၌ မိဘ၊ ဆရာများ၊ ကျောင်းသူ/သားများသို့ အသိပညာပေးခြင်း၊ Mask ၊ ဆပ်ပြာ၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းနှင့် ဗွီနိုင်း၊ ပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_jul2020

Sign Up

Upcoming Events