ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ တရုတ်မှော် ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၌ (၁၆-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်ခန့်တွင် မြစ် ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုရွှေ့ပြောင်း နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်၊ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၃,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၃၃,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၆) အိမ်ထောင်စာတို့အား (၁၇-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#bgo_jul2020

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events