Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေးနှင့် စပ်လျဥ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ်၊ ဇီးချိုပင်ကျေးရွာတွင် Covid-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေးနှင့် စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက် အလက်များ၊ သဘာဝဘေး အသိပညာပေးခြင်းအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာ ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#mgy_jul2020

Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events