လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်တွင် (၁၂-၇-၂၀၂၀)ရက်နေ့ (၁၄:၄၀) နာရီအချိန်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့် အိမ်ထောင်စု (၁)စု၊ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၀,၅၀ဝ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ/-)အား (၁၇-၇-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#kcn_jul2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)