Category Archives: News
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၂၀)ရက်နေ့ (၀၉း၁၀ )အချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်နေအိမ် (၅)လုံး၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ (၂၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ( ၄၈၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၄၈၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၅)အိမ်ထောင်စာတို့အား (၇-၈-၂၀၂၀)ရက်နေ့၊ (၁၅:၁၅)နာရီအချိန်တွင် ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir #sgg_aug2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်နှင့် ပေါင်းရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး ၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများကို အသံ ချဲ့စက်များ၊ Handspeaker များဖြင့်ပြည်သူသို့ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅/၆-၈-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ အိုးဘိုကျွန်းကျေးရွာ၊ ရွှေသောင် ပိုင်းတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၄၂,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၄၂,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၅) … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စု၊အလယ်ကျွန်းကျေးရွာတွင် (၅.၈.၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ခြေ(၁)လုံး၊ လူဦးရေ (၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀ဝ/-)၊ လူဦးရေ (၃) ဦး တို့အတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၆၃၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေး ထောက်ပံ့ငွေ(၅၆၃၀၀/-)ကျပ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ အလယ်ကျွန်းကျေးရွာ၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၇.၈.၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၆) ရွာတို့၌ (၄/၅/၆-၈ -၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ ရသော အိမ်ထောင်စု (၇၃) စုမှ လူဦးရေ (၃၀၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၆၃၂,၁၀၀/-)ကျပ်၊ အိမ်ထောင်စု (၇၃)စု အတွက် ဆပ်ပြာ (၇၃) တောင့်နှင့် လူဦးရေ (၃၀၁) ဦးတို့အတွက် (၁) … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၈-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျွန်းကုန်းကျေးရွာ၊ အူကျွန်းကျေးရွာ၊ သဲကုန်းကျေးရွာ၊ ငှက်ပျောစုကျေးရွာ၊ တရုတ်ချောင်းကျေးရွာနှင့် ဦးကြီးတောကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၂၉-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ၊ ရာသီအလိုက် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၂၀) ရက်နေ့တွင် Irrawaddy Green Towers Ltd နှင့် ပူးပေါင်း၍ မကာဟိုခမ်းရပ်၊ စိန်ဂျုဒ်ဘုရားကျောင်း၌ (Covid-19) ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းပေးအပ် လှူဒါန်းခဲ့ပြီး အသိပညာပေးဗီနိုင်းပိုစတာနှင့် ကပ်ခြင်နံရံကပ်ပိုစတာကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၇-၈-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) အချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ရှောက်ချောင်းကျေးရွာ၊ လေးခွကျေးရွာ၊ စိန်ပန်းကျေးရွာ၊ ဆင်မဝဲချောင်းကျေးရွာ၊ မြစ်တိုကျေးရွာ၊ ဖုန်းဆိုးကျေးရွာ၊ သောင်ဖုန်းကျေးရွာ၊ လှိုင်းဘုန်းကျေးရွာ၊ ငွေဇင်ယော်ကျေးရွာနှင့် မြစ်တန်းကျေးရွာတို့အတွင်း Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား Loud Speaker၊ Hand Speaker များဖြင့် လှည့်လှည်၍ အသိပညာ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) အချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာနှင့် ကျောက်တန်းကလေးကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီ ကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ (ကြာအင်း၊ ညောင်ပင်သာ)အုပ်စု၊ ကျေးရွာခွဲ(၂)ရွာတို့၌ (၆-၈-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၁၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၉၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁၉)စုမှ လူဦးရေ (၈၅)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၇၈,၅၀၀/-) ကျပ်နှင့် ကြိုတင်ပြောင်းရွှေ့ဓမ္မာရုံ(၁)လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်တို့ကို (၇-၈-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)









