လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၇-၈-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) အချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ရှောက်ချောင်းကျေးရွာ၊ လေးခွကျေးရွာ၊ စိန်ပန်းကျေးရွာ၊ ဆင်မဝဲချောင်းကျေးရွာ၊ မြစ်တိုကျေးရွာ၊ ဖုန်းဆိုးကျေးရွာ၊ သောင်ဖုန်းကျေးရွာ၊ လှိုင်းဘုန်းကျေးရွာ၊ ငွေဇင်ယော်ကျေးရွာနှင့် မြစ်တန်းကျေးရွာတို့အတွင်း Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား Loud Speaker၊ Hand Speaker များဖြင့် လှည့်လှည်၍ အသိပညာ ပေးခြင်း၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဝေငှပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2020
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)