လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၆) ရွာတို့၌ (၄/၅/၆-၈ -၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ ရသော အိမ်ထောင်စု (၇၃) စုမှ လူဦးရေ (၃၀၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၆၃၂,၁၀၀/-)ကျပ်၊ အိမ်ထောင်စု (၇၃)စု အတွက် ဆပ်ပြာ (၇၃) တောင့်နှင့် လူဦးရေ (၃၀၁) ဦးတို့အတွက် (၁) ဦးလျှင် Surgical Mask (၂) ခုနှုန်းဖြင့် (၆၀၂) ခုတို့ အား (၇-၈-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)နာရီ အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-၁၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများလက်ဝယ် အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#bgo_aug2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)