မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၂၀)ရက်နေ့ (၀၉း၁၀ )အချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်နေအိမ် (၅)လုံး၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ (၂၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ( ၄၈၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၄၈၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၅)အိမ်ထောင်စာတို့အား (၇-၈-၂၀၂၀)ရက်နေ့၊ (၁၅:၁၅)နာရီအချိန်တွင် ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fir
#sgg_aug2020

Sign Up

Upcoming Events