Category Archives: News
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့အတွင်းရှိအမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ ရှမ်းကိုင်းကျေးရွာ၊ ကုလားကိုင်းကျေးရွာနှင့် ဝှေနောင်ကျေးရွာများတွင် COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာတွင်ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၅,၀၀၀/-)ကျပ်အား (၁၈-၈-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ဘေးသင့် နေအိမ်၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2020 Source: … Read more
-
Covid -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀)ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ ငါးပိချောင်းကျေးရွာအုပ်စု၊ ကွမ်းယာကမ်းကြီးကျေးရွာတွင် (၀၉:၀၀)နာရီ အချိန်၌လည်းကောင်း၊ ငါးပိချောင်းကျေးရွာတွင်(၀၉:၃၀)နာရီအချိန် ၌လည်းကောင်း၊ ဝဲချောင်းကျေးရွာတွင်(၁၀:၀၀)နာရီအချိန်၌လည်းကောင်း၊ ရွာတန်းရှည်ကျေးရွာတွင် (၁၁:၀၀)နာရီအချိန်၌ လည်းကောင်း၊ ချောင်းလယ်ကျေးရွာတွင် (၁၁:၃၀)နာရီအချိန်၌လည်းကောင်း၊ ကျားချောင်း ကျေးရွာတွင် (၁၂:၀၀)နာရီအချိန်၌လည်းကောင်း၊ ဥတိုကျေးရွာတွင် (၁၂:၃၀)နာရီအချိန် ၌လည်းကောင်း၊ ချောင်းသုံးဆိုင်ကျေးရွာတွင် (၁၃:၀၀)နာရီအချိန်၌လည်းကောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံမြို့နယ် အတွင်းရှိ ဝယ်လမ်းကျေးရွာနှင့် မုရစ်ကလေး ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်း စာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီချိန်အထိ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအုပ်စုအတွင်းရှိ ညင်းမော်ကျေးရွာ၊ အင်းဘူးကျေးရွာနှင့် ရင်းဘုတ် ကျေးရွာများမှ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများ နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးနှင့် ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့ နယ်၊ ဒေါဖုကျးရွာအုပ်စု၊ ဒေါဖုကျးရွာ၊ ဒေါပဲ့ကျေးရွာ၊ ဒေါပဲ့ဒူကျးရွာ၊ ဒေါဆိုခူကျေးရွာနှင့် ဒေါလော်ခူကျးရွာများရှိ ပြည်သူများ အား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_aug2020
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကြာထော်ညောင်ချောင်းကျေးရွာအုပ်စု၊ စွယ်တော်ကျေးရွာတွင် (၁၄-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်ဆီး နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၇၀,၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ ရန်ပုံငွေ (၁၀,၅၀၀/-) ကျပ်နှင့် အင်းမကျေးရွာအုပ်စု၊ အင်းမကျေးရွာတွင် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၄၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ ရန်ပုံငွေ (၁၄,၇၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၃၅,၂၀၀/-) ကျပ်တိတိအား (၁၈-၈-၂၀၂၀) … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု ၊ဆားမလောက်ကျေးရွာ၊ ဘုရားလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့ သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု (၃) မှ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၁၆၈၀၀/)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၃)အိမ်ထောင်စုစာ (၉၇၀၅၉/-)ကျပ်၊ care myanmar ပိုက်ဖျာ(၃)ချပ်တို့အား (၁၇-၈-၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ညောင်တုန်းမြို့နယ်မီးသတ်ဦးစီးဌာန၊ … Read more
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမာမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ နောက်မီးကျေးရွာ အမှတ်(၅)ရပ်ကွက်၌ (၁၄-၈-၂၀၂၀) ရက်နေ့တွင်လေပြင်းတိုက်ခတ်ရာမှ ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ (၁၀၀,၀၀ဝိ/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ (၃၄,၇၅၃/-) ကျပ်အား (၁၇-၈-၂၀၂၀) ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ … Read more
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ ကျောက်ထရံကျေးရွာအုပ်စု၊ ထန်းပင်ကွက်ကျေးရွာ၌ (၁၆-၈-၂၀၂၀)ရက်နေ့၊ (၁၆:၀၆) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုလဲနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်၊ ဒဏ်ရာရလူနာ (၁)ဦးအတွက် ဆေးကုသစရိတ်ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅၄,၂၀၀)ကျပ်နှင့် အိမ်ထောင်စု (၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၁)စုစာတို့အားတို့အား (၁၇-၈-၂၀၂၀)ရက်နေ့၊ … Read more









