လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကြာထော်ညောင်ချောင်းကျေးရွာအုပ်စု၊ စွယ်တော်ကျေးရွာတွင် (၁၄-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်ဆီး နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၇၀,၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ ရန်ပုံငွေ (၁၀,၅၀၀/-) ကျပ်နှင့် အင်းမကျေးရွာအုပ်စု၊ အင်းမကျေးရွာတွင် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၄၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ ရန်ပုံငွေ (၁၄,၇၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၃၅,၂၀၀/-) ကျပ်တိတိအား (၁၈-၈-၂၀၂၀) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနးရုံးတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_aug2020

Sign Up

Upcoming Events