
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ ကျောက်ထရံကျေးရွာအုပ်စု၊ ထန်းပင်ကွက်ကျေးရွာ၌ (၁၆-၈-၂၀၂၀)ရက်နေ့၊ (၁၆:၀၆) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုလဲနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်၊ ဒဏ်ရာရလူနာ (၁)ဦးအတွက် ဆေးကုသစရိတ်ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅၄,၂၀၀)ကျပ်နှင့် အိမ်ထောင်စု (၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၁)စုစာတို့အားတို့အား (၁၇-၈-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#bgo_aug2020