Covid -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုက​လေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၇-၈-၂၀၂၀)ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ ငါးပိချောင်းကျေးရွာအုပ်စု၊ ကွမ်းယာကမ်း​ကြီးကျေးရွာတွင် (၀၉:၀၀)နာရီ အချိန်၌လည်းကောင်း၊ ငါးပိချောင်းကျေးရွာတွင်(၀၉:၃၀)နာရီအချိန် ၌လည်းကောင်း၊ ဝဲချောင်းကျေးရွာတွင်(၁၀:၀၀)နာရီအချိန်၌လည်းကောင်း၊ ရွာတန်းရှည်ကျေးရွာတွင် (၁၁:၀၀)နာရီအချိန်၌ လည်းကောင်း၊ ချောင်းလယ်ကျေးရွာတွင် (၁၁:၃၀)နာရီအချိန်၌လည်းကောင်း၊ ကျားချောင်း ကျေးရွာတွင် (၁၂:၀၀)နာရီအချိန်၌လည်းကောင်း၊ ဥတိုကျေးရွာတွင် (၁၂:၃၀)နာရီအချိန် ၌လည်းကောင်း၊ ချောင်းသုံးဆိုင်ကျေးရွာတွင် (၁၃:၀၀)နာရီအချိန်၌လည်းကောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီး ဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ‌အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_aug2020

Source: ဘိုက​လေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events