
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု ၊ဆားမလောက်ကျေးရွာ၊ ဘုရားလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့ သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု (၃) မှ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၁၆၈၀၀/)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၃)အိမ်ထောင်စုစာ (၉၇၀၅၉/-)ကျပ်၊ care myanmar ပိုက်ဖျာ(၃)ချပ်တို့အား (၁၇-၈-၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ညောင်တုန်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ညောင်တုန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာတာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်ပြည်သူများလက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းပါ သတင်းရရှိပါသည်။
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#ayy_aug2020