Category Archives: News
-
လေဘေးအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀) တွင် သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၊ အုတ်ရှစ်ကျေးရွာအုပ်စု၊ လိမ်ကုန်းကျေးရွာ၊ ရှောပြာကုန်း ကျေးရွာအုပ်စု၊ ကျားကျွန်းကျေးရွာ၊ ဆပ်သွားကျေးရွာအုပ်စု၊ ရှောပြာကုန်းကျေးရွာ၊ ကွင်းပေါက်ကျေးရွာအုပ်စု၊ တင်းကုတ်ကြီးကျေးရွာ၊ မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ အညာတန်း ကျေးရွာ၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ၊ ငှက်စံကျွန်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ်(၄)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၁၀၀၀၀ဝ/-)၊ လူဦးရေ(၅၂)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၁၀၉၂၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၂၀၉၂၀ဝ/-)နှင့် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ငလျင်ဆိုင်ရာသုတေသနပြုလုပ်နိုင်ရေး မြန်မာနိုင်ငံငလျင်ကော်မတီနှင့် တွေ့ဆုံဆွေးနွေးမှုသတင်း
၁၈ ဩဂုတ်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူနေထူထပ်သည့် မြို့ပြဒေသများတွင် ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ခြင်းများပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပညာ ရှင်များပူးပေါင်း၍ ဆောင်ရွက်မည့် ငလျင်ဘေးအန္တရာယ် ကျရောက်နိုင်ခြေဆန်းစစ်မှုများ ပြုလုပ်မည့် သုတေသနလုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ပညာရှင်များနှင့် ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်တည်ရှိသည့် မြို့ကြီးများအနက် လူဦးရေထူထပ် သည့် ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများနှင့် အနီးတဝိုက်တွင် အင်အားပြင်း … Read more
-
COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာ လအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ညောင်လူး ကျေးရွာအုပ်စု (ညောင်လူး၊ ကျောင်းစု၊ ကျောက်စရစ်ကုန်း) ကျေးရွာများနှင့် သပြေစမ်းကျေးရွာအုပ်စု (သပြေစမ်း၊အောင်သီရိ) ကျေးရွာများအတွင်းရှိ ပြည်သူများသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်၍ ထိရောက်စွာအသိပညာပေးခြင်းများ … Read more
-
(Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့တွင် ပေါက်ခေါင်းမြို့၊ အမှတ် (၁)၊အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၄)နှင့် အမှတ် (၅)ရပ်ကွက်တို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_aug2020 … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးနှင့် ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့တွင် ဖားဆောင်း မြို့နယ်၊ ဝမ်အောင်းကျေးရွာအုပ်စု၊ ဝမ်အောင်း(ကယား)ကျေးရွာရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_aug2020
-
လေပြင်းဘေးအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ညောင်ပင်သာယာကျေးရွာအုပ်စု၊ မကျီးငူကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ/ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀ဝ/-)ကျပ်၊ အမိုးလန်ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၈၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၁၂)ဦးအတွက် (၇)ရက်စာရန်ပုံငွေ (၂၅၂၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၅၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ(၁)အိမ်ထောင်စာ(၃၄၇၅၃/-)ကျပ်အား (၁၇-၈-၂၀၂၀)ရက်နေ့ (၁၅:၃၀)နာရီအချိန်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးရှိဝန်ထမ်းများသည် (၁၆-၈-၂၀၂၀)ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ကရင်ဝင်းစိန် ကျေးရွာအုပ်စု၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၄,၀၀ဝ) ကျပ်၊ ဘေးသင့်လူဦးရေ (၂) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးငွေ (၄,၂၀ဝ) ကျပ်၊ စုစုပေါင်း (၆၈,၂၀ဝ)ကျပ်တို့ကို (၁၇-၈-၂၀၂၀)ရက်နေ့၊ (၁၅:၄၀)အချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mon_aug2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၂၀)ရက်နေ့တွင် သာပေါင်းမြို့နယ်၊ သင်္ကန်းပင်ဆိပ်ကျေးရွာ အုပ်စု၊ သင်္ကန်းပင်ဆိပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၃၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၆၃၀ဝ/-)ကျပ် အား (၁၈-၈-၂၀၂၀) ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွတာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_aug2020
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာ သီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေး နှိုးဆော်မှုများကို (၁၈-၈-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာနှင့် ဝက်သား စားကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_aug2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လက်ဆေးဆပ်ပြာနှင့်ထုံးအိတ်များထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) (၃) ရပ်ကွက်၊ ကာသိုလိပ်ဘုရား ကျောင်း အိမ်ထောင်စု(၃၀)၊ လူဦးရေ (၁၃၈) ဦး၊ ကာလိုင်(၁) အိမ်ထောင်စု (၈၄) စု၊ လူဦးရေ (၄၉၆) ဦး၊ ကာလိုင်(၂) အိမ်ထောင်စု (၁၇၅) စု၊ လူဦးရေ (၁၁၀၅) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၂၈၉) စု၊ လူဦးရေ (၁၇၃၉) ဦးအတွက် စခန်း(၁)ခုလျှင် … Read more









