လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၂၀)ရက်နေ့တွင် သာပေါင်းမြို့နယ်၊ သင်္ကန်းပင်ဆိပ်ကျေးရွာ အုပ်စု၊ သင်္ကန်းပင်ဆိပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၃၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၆၃၀ဝ/-)ကျပ် အား (၁၈-၈-၂၀၂၀) ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွတာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_aug2020

Sign Up

Upcoming Events