COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လက်ဆေးဆပ်ပြာနှင့်ထုံးအိတ်များထောက်ပံ့မှု သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) (၃) ရပ်ကွက်၊ ကာသိုလိပ်ဘုရား ကျောင်း အိမ်ထောင်စု(၃၀)၊ လူဦးရေ (၁၃၈) ဦး၊ ကာလိုင်(၁) အိမ်ထောင်စု (၈၄) စု၊ လူဦးရေ (၄၉၆) ဦး၊ ကာလိုင်(၂) အိမ်ထောင်စု (၁၇၅) စု၊ လူဦးရေ (၁၁၀၅) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၂၈၉) စု၊ လူဦးရေ (၁၇၃၉) ဦးအတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင် ဆပ်ပြာ(၂)ခဲနှုန်းဖြင့် စုစုပေါင်းထုံး (၃၀)အိတ်၊ လက်ဆေးဆပ်ပြာ (၃၄၇၈) ခဲအား ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_aug2020

Sign Up

Upcoming Events