Category Archives: News
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာအုပ်စုအတွင်းရှိ ဝင်းကကျေးရွာ၊ ကျောက်လုံးကြီး(မြောက်ပိုင်း)ကျေးရွာ၊ ကျောက်လုံးကြီး(တောင်ပိုင်း)ကျေးရွာ၊ ကျောက်လုံးကြီး(အလယ်ပိုင်း)ကျေးရွာနှင့် ကျောက်လုံးကြီးကျေးရွာ တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug2020
-
ကမ်းပြိုဘေးအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၄၂၀၀/-) ကျပ်အား (၁၉.၈.၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြို ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀)ရက်နေ့၌ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ကုလားကျွန်းကျေးရွာ၊ ရွာမကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု (၁၃)စု၊ လူဦးရေ(၆၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၃၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ(၁၃၈၆၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၄၃၈၆၀ဝ/-)ကျပ်အား (၁၉-၈-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ရွှေလောင်မြို့၊ အုပ်ချုပ် ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀)ရက်နေ့၊ ၊နံနက် (၈:၀၀)နာရီမှ(၁၁:၀၀)နာရီအချိန်ထိ သံတောင်ကြီးမြို့နယ်၊ လယ်ခိုဒိုးခိုကျေးရွာအုပ်စုရှိ လယ်ခိုဒိုးခိုကျေးရွာ၊ လယ်ခိုဒိုးကားကျေးရွာ၊ ဖာဝယ်ဒိုးခိုကျေးရွာ၊ ဖာဝယ်ဒိုးကားကျေးရွာများတွင် COVID-19ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလအတွင်းဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန် အချက် များအား လော်စပီကာဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_aug2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀)ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူပူးပေါင်း၍ လပွတ္တာမြို့နယ်၊ ဂန့်အိတ်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၊ ကွက်လိပ်ကျေးရွာ၊ ညောင်းဝိုင်းကျေးရွာနှင့်ဖိုးနီးလေးကုန်းကျေးရွာများတို့တွင် (ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ ဗွီနိုင်းနှင့် First Aid Kit ဝေငှခြင်းများကို အများပြည်သူများ သိရှိလိုက်နာရန်ကွင်းဆင်း၍ Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၁၀၀၀၀၀/-)၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ ကျပ်(၁၂၆၀၀/-)၊ သာသနိကအဆောက်အဦ(၁)လုံးအတွက် ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၂၁၂၆၀၀/-) နှင့် ဒေါင့်ကြီးအုပ်စု၊ ဈေးကလေးကျေးရွာတွင် (၁၈-၈-၂၀၂၀)ရက်နေ့ ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းအိမ်ခြေ(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၅၀၀၀၀၀/-)၊ လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးကျပ်(၃၇၈၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၃၇၈၀၀/-)တို့ကို (၁၉-၈-၂၀၂၀) ရက် နေ့ … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ ခနောင်ထော်ကျေးရွာအုပ်စုရှိ ခနောင်ထော်ကျေးရွာ၊ မရမ်းကျေးရွာနှင့် ပန်တပွတ်ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည်လည်ဟောပြောခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_aug2020
-
မြစ်ရေကြီးမှုအခြေအနေ သတိပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့တွင် ခန္တီးခရိုင်အတွင်း ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ် (၁၃၆၀) ထက်ကျော်လွန်သွားပြီ ဖြစ်ပါသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပူးပေါင်း၍ မြစ်ရေကြီးမှုအခြေအနေအား သတိပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #sgg_aug2020
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှစ၍ အိုးကွဲကျေးရွာအုပ်စု၊ အိုးကွဲကျေးရွာ၊ ပျိုးကုန်းကျေးရွာ၊ ဓနော်ကျေး ရွာ၊ ဂွေးကုန်းကျေးရွာ၊ သရက်တစ်ပင်ကျေးရွာ၊ အင်းကောက်ကျေးရွာ၊ ယက္ကန်းစင်ကျေးရွာ၊ ဖန်ခါးကျေးရွာ၊ ဝက်သတ်ကုန်းကျေးရွာ၊ ပန်းဒိုးကျေးရွာနှင့် ကပ်ခိုကုန်းကျေးရွာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန်အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအား လည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် … Read more
-
COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ မြို့ကုန်းကျေးရွာ၊ ကံစုကျေးရွာ၊ ကျုံလှကျေးရွာ၊ ရေဆိုင်ကျေးရွာ၊ခရုချောင်ကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ အုတ်တွင်းကျေးရွာ၊ ဖိုးခွေရိုးကျေးရွာတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများ ပြည်သူ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးခြင်းများ လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar … Read more









