
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀)ရက်နေ့၊ ၊နံနက် (၈:၀၀)နာရီမှ(၁၁:၀၀)နာရီအချိန်ထိ သံတောင်ကြီးမြို့နယ်၊ လယ်ခိုဒိုးခိုကျေးရွာအုပ်စုရှိ လယ်ခိုဒိုးခိုကျေးရွာ၊ လယ်ခိုဒိုးကားကျေးရွာ၊ ဖာဝယ်ဒိုးခိုကျေးရွာ၊ ဖာဝယ်ဒိုးကားကျေးရွာများတွင် COVID-19ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလအတွင်းဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန် အချက် များအား လော်စပီကာဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn_aug2020