Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀)ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူပူးပေါင်း၍ လပွတ္တာမြို့နယ်၊ ဂန့်အိတ်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၊ ကွက်လိပ်ကျေးရွာ၊ ညောင်းဝိုင်းကျေးရွာနှင့်ဖိုးနီးလေးကုန်းကျေးရွာများတို့တွင် (ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ ဗွီနိုင်းနှင့် First Aid Kit ဝေငှခြင်းများကို အများပြည်သူများ သိရှိလိုက်နာရန်ကွင်းဆင်း၍ Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_aug2020

Sign Up

Upcoming Events