Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀)ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စုရှိ ကျေးရွာ(၈)ရွာတို့၌ Covid-19 လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ မိုးရာသီတွင်ဖြစ်တတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူများထံသို့ လှည့်လည်ပန်ကြားခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy _sep2020 Source: သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀,၀၀၀/-) ကျပ်နှုန်းဖြင့် မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာရှိနှစ်ခြင်း (IDPs) စခန်းတွင် အိမ်ထောင်စု (၂၈၆) စု၊ လူဦးရေ (၁၄၅၂) ဦးနှင့် ကက်သလစ် (IDPs) စခန်းတွင် အိမ်ထောင်စု (၅၉၆) စု၊ လူဦးရေ (၃၂၄၈) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၈၈၂) ဦး၊ လူဦးရေ (၄၇၀၀) … Read more
-
COVID – 19 ကာလအတွင်း ထောက်ပံ့မှုအထူးလိုအပ်သော အမျိုးသမီးများအား ငွေကြေး ထောက်ပံ့ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လွှဲပြောင်းပေးအပ်
~~~~~~ Source: MOSWRR ~~~~~~ ဩဂုတ်လ ၃ ၊ နေပြည်တော် ~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID-19 ကာလအတွင်း ထိခိုက်လွယ်အခြေအနေတွင်ရှိသော အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစီမံချက်အရ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းက စာရင်းပေးပို့လာသည့် ရပ်တည်ရန်ခက်ခဲသည့် အမျိုးသမီးများနှင့် “မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီ” က စာရင်းပေးပို့သည့် ထောက်ပံ့မှုအထူးလိုအပ်သော မသန်စွမ်းအမျိုးသမီးများအတွက် ငွေကြေး လွှဲပြောင်းထောက်ပံ့ခြင်းကို (၃-၉-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက် … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ(၃-၉-၂၀၂၀)ရက်နေ့ တမူးမြို့၊ ကွန်းတောင်းကျေးရွာ၊ ဝက်ရှုကျေးရွာ၊ ဆရာစံကျေးရွာ၊ မင်းသာကျေးရွာတို့တွင် Covid-19ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2020 Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ငွေပေးအပ်မှုသတင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP) အရ စားသောက်ကုန် (၅) မျိုးဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀,၀၀၀/-) ကျပ်နှုန်းဖြင့် မံစီနှစ်ခြင်း Idps စခန်းတွင် အိမ်ထောင်စု (၁၇၃) စု၊ လူဦးရေ (၇၇၀) ဦးတို့အား စုစုပေါင်ထောက်ပံ့ငွေ (၆,၉၂၀,၀၀၀/-) ကျပ်အား (IDPs) စခန်းနေမိသားစုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့ (၉:၃၀) အချိန်မှ (၁၂:၃၀) အချိန်ထိ အုမ္မကျေးရွာအုပ်စုအတွင်းရှိ အုမ္မကျေးရွာ၊ ရွာမကျေးရွာ၊ ညောင်လှကျေးရွာ၊ ငုတ်ချောင်းကျေးရွာတို့တွင် COVID-19 ရောဂါ ဒုတိယလှိုင်း ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရန်အချက်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၅:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)ကျေးရွာတို့တွင် Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
CERP အစီအစဉ်အရ ကျောက်တော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများ ဆောင်ရွက်
~~~~~~ Source: MOSWRR ~~~~~~ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃)ရက် ~~~~~~ COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝိ/-) နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား (၂၁-၈-၂၀၂၀) ရက်နေ့တွင် Virtual Meeting အဖြစ် … Read more
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ ဘိုက်သရက်၊ မတောင်တ၊ ရွှေသမင်၊ မြင်းခြံဘွား၊ မကျီး တစ်ထောင်၊ သာယာကိုင်း၊မကျီးတန်း၊ ကျောက်ဖြူတိုင်၊ ဇီးတော၊ ဆည်တည်းကျေးရွာများ တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020
-
ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုမှုကြောင့် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် (၁/-၂-၂၀၂၀)ရက်နေ့များတွင် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀)သိန်းကျပ်၊ လူဦးရေ(၁၀)ဦးအတွက်ဆန်ဖိုး(၈၄၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၈၄၀၀၀/-)ကျပ်နှင့် ပစ္စည်း(၁၁)မျိုးပါ (၁၀)အိမ်ထောင်စာတို့အား (၃-၉-၂၀၂၀)ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ်ထွေအုပ်အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထိန်လင်းထွန်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးအာလွန်း၊ မြို့နယ်ထွေအုပ်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_sep2020 Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)









