၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃)ရက်
~~~~~~
COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝိ/-) နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား (၂၁-၈-၂၀၂၀) ရက်နေ့တွင် Virtual Meeting အဖြစ် ကျင်းပဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ CERP အစီအစဉ်အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန်အတွက် ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDP စခန်းရှိ အိမ်ထောင်စု(၃၆၃)စုတို့အတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၄,၅၂၀,၀၀ဝိ/-)အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၁-၉-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ခဲ့ပါသည်။
ထို့အတူ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်စုရပ်ရှိ အိမ်ထောင်စု (၁၃၆)စု၊ တောင်မင်းကုလားစုရပ်ရှိ အိမ်ထောင်စု(၁၀၀)စု၊ ဝါးတောင်စုရပ်ရှိ အိမ်ထောင်စု(၂၁၉)စု၊ ညောင်ချောင်းစုရပ်ရှိ အိမ်ထောင်စု(၅၃၈)စု၊ မြို့သစ်ရပ်ကွက်၊ နေပူခံစခန်းရှိ အိမ်ထောင်စု(၃၁၂)စု၊ မီးရထားဘူတာစုရပ်ရှိ အိမ်ထောင်စု(၁၉၄)စု၊ ရှမ်းရွာဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၉၈)စု၊ သိမ်ကျောင်းဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၈၆)စု၊ ကဝိရတနာဘုန်းကြီးကျောင်းရှိ အိမ်ထောင်စု(၄၄၆)စု၊ မှန်ကျောင်းဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၈၈)စု၊ ဇောတိကာရုံ ဘုန်းကြီးကျောင်းရှိ အိမ်ထောင်စု(၃၉)စု၊ မဟာကံကြီးသျှင်ဘုရားရှိ အိမ်ထောင်စု(၁၅၀)စု၊ မြို့တော်ခန်းမရှိ အိမ်ထောင်စု(၁၂၄)စု၊ သိမ်ပြင်ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၅၅)စု၊ ခရစ်တော် ကျောင်းရှိ အိမ်ထောင်စု(၁၂၆)စု၊ မြို့မရွှေကျောင်းရှိ အိမ်ထောင်စု(၁၂၃)စု၊ မြိုနယ်သာသနာ့ဗိမာန်ရှိ အိမ်ထောင်စု(၃၅)စု၊ စုစုပေါင်း ယာယီတိုက်ပွဲရှောင်စုရပ်(၁၇)ခုရှိ အိမ်ထောင်စု(၂၈၆၉)စုတို့အတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၁၄,၇၆၀,၀၀ဝိ/-)ကို မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၃-၉-၂၀၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၊ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ရပ်မိရပ်ဖများရှေ့မှောက်တွင် ထောက်ပံ့ခဲ့ပါကြောင်းနှင့် ထောက်ပံ့ရန်ကျန်ရှိသည့် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်များရှိ တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ထောက်ပံ့ကူညီမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။