ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုမှုကြောင့် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် (၁/-၂-၂၀၂၀)ရက်နေ့များတွင် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀)သိန်းကျပ်၊ လူဦးရေ(၁၀)ဦးအတွက်ဆန်ဖိုး(၈၄၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၈၄၀၀၀/-)ကျပ်နှင့် ပစ္စည်း(၁၁)မျိုးပါ (၁၀)အိမ်ထောင်စာတို့အား (၃-၉-၂၀၂၀)ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ်ထွေအုပ်အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထိန်လင်းထွန်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးအာလွန်း၊  မြို့နယ်‌ထွေအုပ်မှတာဝန်ရှိသူများ၊ ‌ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#bgo_sep2020

Source:                       သာယာဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events