Category Archives: News
-
COVID_19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့်သဘာဝဘေး အသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်း မြို့နယ်၊ အလူးကြီးကျေးရွာအုပ်စုအတွင်းရှိ အလူးကြီးကျေးရွာ၊ အရှေ့ရွာကြီးကျေးရွာ၊ အရှေ့ ရွာလေးကျေးရွာ၊ အလယ်ရွာကျေးရွာ၊ အနောက်ရွာကြီးကျေးရွာ၊ အနောက်ရွာလေးကျေးရွာ တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: … Read more
-
ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်စု၊ မိုးညိုလေးကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေဘေးမှ သစ်ပင်ပိတစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုရှိ စုစုပေါင်းလူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခါ (၇) ရက်စာဖိုးထောက်ပံငွေ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀,၅၀၀) ကျပ်အား (၄-၉-၂၀၂၀) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် … Read more
-
ကမ်းပါးထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ရုံးဆိပ်ကျွန်းကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် ပီနံကြိုးခွေ၊ မနီလာကြိုးခွေ၊ ပီနံအိတ်၊ ထွန်စက်ဆီဖိုးနှင့် ထွန်စက်ငှားရမ်းခ စုစုပေါင်းကုန်ကျငွေ(၇၀၀၀၀၀)ကျပ် အား (၄-၉-၂၀၂၀) ရက်နေ့တွင် ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_sep2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၃.၉.၂၀၂၀)နေ့ (၁၁း၀၀)နာရီမှ(၁၅း၀၀)နာရီအချိန်ထိ ထီးချိုင့်မြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်တို့တွင် Covid-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား ပြည်သူများသို့ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg _sep2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀)ရက်နေ့၌ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အုတ်ဖို (၂) ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၂)အိမ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၄)စုရှိ လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉၉၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ ( ၂၃၉၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၄) အိမ်ထောင်စုစာတို့အား (၄-၉-၂၀၂၀)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်း မြို့နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကျွန်းမီးအုပ်စု၊ ရွှေတောင်စု ကျေးရွာနှင့် ကျွန်းမီးအနောက်ကျေးရွာတို့တွင် (၃၀.၈.၂၀၂၀)၊(၃၁.၈.၂၀၂၀)၊ (၁.၉.၂၀၂၀)ရက်နေ့ ပြောင်းရွှေ့ ခဲ့ရသော လူနေအိမ်ခြေ(၂၀)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၇၀)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၁၄၇၀၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ ပုံး(၂၀)တို့အား (၄.၉.၂၀၂၀)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_sep2020 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူး (ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ ရေတိုက်စားမှုကြောင့် ကမ်းပြိုကျ၍ ကြိုတင်ရွှေ့ပြောင်းခဲ့သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ (၁၃) ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇,၃၀ဝ/-)ကျပ်တို့အား (၄-၉-၂၀၂၀) ရက်နေ့၊ (၀၉:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mon_sep2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် အသိပညာ ပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့တွင် ပြည်မြို့၊ ရွှေကူရပ်ကွက်၊ ဆံတော်ရပ်ကွက်၊ ဆင်စုရပ်ကွက်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ နဝင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ကိုးသောင်းရပ်ကွက်၊ မြို့သစ်၊ ပန်းဘဲတန်း ရပ်ကွက်နှင့် မူယာပင်ရပ်ကွက်များ၌ (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့တွင် နံနက် (၉:၀၀) မှ (၁၆:၃၀) အချိန်ထိ တနင်္သာရီမြို့နယ် သာရဖုံကျေးရွာအုပ်စု၊ အရှေ့သာရဖုံကျေးရွာတွင် covid-19 အသိပညာပေးခြင်း၊ ဗွီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း သဘာဝဘေးနှင့်ပတ်သက်သည့် မိုးကြိုးဘေး ၊ရေဘေး ၊မြေပြိုဘေး ၊ အသိပညာပေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_sep2020
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ အောင်ဇေယျရပ်ကွက်၊ ကျန်စစ်သားရပ်ကွက်၊ ဗန္ဓုလရပ်ကွက်၊ မာဃရပ်ကွက်၊ မင်ရဲကျော်စွာရပ်ကွက်၊ အာသောက ရပ်ကွက်၊ အာလ္လကပ္ပကျေးရွာ၊ ဝမ်းပြည့်ကျေးရွာ၊ ထီဆောင်းကျေးရွာ၊ ညောင်ပင်ဝန်းကျေးရွာနှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ အုန်းတောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကံသာကျေးရွာ၊ နန္ဒဝင်ရပ်ကွက်၊ တောင်ဘော်ဂါရပ်ကွက်၊ ဒါးဝယ်စျေးရပ်ကွက်၊ ဧမြဝတီရပ်ကွက်၊ တကောင်းရပ်ကွက်၊ နန်းဦးမြို့သစ်ရပ်ကွက်များတွင် covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg _sep2020 … Read more









