ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်စု၊ မိုးညိုလေးကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေဘေးမှ သစ်ပင်ပိတစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုရှိ စုစုပေါင်းလူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခါ (၇) ရက်စာဖိုးထောက်ပံငွေ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀,၅၀၀) ကျပ်အား (၄-၉-၂၀၂၀) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#bgo_sep2020

Sign Up

Upcoming Events