Covid-19 ကူးစက်ရောဂါနှင့် သဘဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့တွင် နံနက် (၉:၀၀) မှ (၁၆:၃၀) အချိန်ထိ တနင်္သာရီမြို့နယ် သာရဖုံကျေးရွာအုပ်စု၊ အရှေ့သာရဖုံကျေးရွာတွင် covid-19 အသိပညာပေးခြင်း၊ ဗွီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း သဘာဝဘေးနှင့်ပတ်သက်သည့် မိုးကြိုးဘေး ၊ရေဘေး ၊မြေပြိုဘေး ၊ အသိပညာပေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#tny_sep2020

Sign Up

Upcoming Events