လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်း မြို့နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကျွန်းမီးအုပ်စု၊ ရွှေတောင်စု ကျေးရွာနှင့် ကျွန်းမီးအနောက်ကျေးရွာတို့တွင် (၃၀.၈.၂၀၂၀)၊(၃၁.၈.၂၀၂၀)၊ (၁.၉.၂၀၂၀)ရက်နေ့ ပြောင်းရွှေ့ ခဲ့ရသော လူနေအိမ်ခြေ(၂၀)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၇၀)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၁၄၇၀၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ ပုံး(၂၀)တို့အား (၄.၉.၂၀၂၀)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#bgo_sep2020
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူး (ဘစမ)