
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်း မြို့နယ်၊ အလူးကြီးကျေးရွာအုပ်စုအတွင်းရှိ အလူးကြီးကျေးရွာ၊ အရှေ့ရွာကြီးကျေးရွာ၊ အရှေ့ ရွာလေးကျေးရွာ၊ အလယ်ရွာကျေးရွာ၊ အနောက်ရွာကြီးကျေးရွာ၊ အနောက်ရွာလေးကျေးရွာ တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mon_sep2020