Category Archives: News
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေး ကုစားမှုအစီအစဥ် (CERP) အရ စားသောက်ကုန်(၅)မျိုး ဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀၀/-)နှုန်းဖြင့် လွယ်ဂျယ်မြို့ရှိ လီဆူIDpsစခန်းတွင် အိမ်ထောင်စု(၂၂၄)စု၊ လူဦးရေ (၁၂၉၅)ဦး၊ နှစ်ခြင်း IDPs စခန်းတွင် အိမ်ထောင်စု(၃၇)စု၊ လူဦးရေ(၂၃၉)ဦး၊ RC Idps စခန်းတွင် အိမ်ထောင်စု(၆၈)စု၊ လူဦးရေ(၄၁၈)ဦး၊ ဆိုင်းဂျာ Idps စခန်းတွင် အိမ်ထောင်စု(၄၄)စု၊ လူဦးရေ(၂၇၄)ဦး၊ ညောင်နှစ်ပင် Idps စခန်းတွင် … Read more
-
ရေဘေးသင့်အိမ်ထောင်စုများအားဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အပူတိုင်းမုန်တိုင်းနိုလ်၏ အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ ပုလောကုန်းကျေးရွာနှင့် သမုတ်တောင်ကျေးရွာတို့မှ ဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့ထားသော ရေဘေးသင့်လူဦးရေ(၇၅၀) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁,၅၇၅,၀၀ဝ/) ကျပ်အား (၂၀-၉-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လ၀ကဝန်ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ မြိတ်ခရိုင်ဦးစီးမှူး၊ ပုလောမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_sep2020 … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေးတို့နှင့် စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ လိပ်ခုံးကျေးရွာအုပ်စုအတွင်းရှိ လိပ်ခုံးရွာမကျေးရွာနှင့် လိပ်ခုံးရွာလေးကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေးတို့နှင့် စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့ စက်တို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆောင်ခဲ့ပြီး ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့(၁၀:၀ဝ)အချိန်၌ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအုပ်စုတွင် လေပြင်းဘေး ဖြစ်ပွားခဲ့သောကြောင့် လေဘေးသင့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၉၄,၂၀ဝ/-)ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများ နှင့်အတူ (၂၀-၉-၂၀၂၀)ရက်နေ့ (၁၁:၀၀) အချိန်တွင်သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_flg #tny_sep2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
#ar #kyh_sep2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀)ရက်နေ့ တွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စု၊ လောဓလေ့ကျေးရွာ၊ လောပိတ(ရှမ်း)ရွာ၊ ဆိုလစယ်ကျေးရွာ၊ လောကထုကျေးရွာ၊ မထောခူကျေးရွာအုပ်စု၊ မထောခူ(အထကျ) ကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀)ရက်နေ့ (၀၉:၀၅) နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအုပ်စု ၊ပင်လယ်ကမ်းကျေးရွာ၌ဖြစ်ပွားခဲ့သော ရေဘေးမှ ဘေးသင့် အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝ/-) ကျပ်နှင့် ဘေးသင့်ပြည်သူ (၄) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-) ကျပ်၊ စုစုပေါင်း (၄၀၈,၄၀၀/-) ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) … Read more
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ပုသိမ်မြို့၊ မြို့ဝင်တိုးဂိတ် (ကိုးဆူဂိတ်)၌ (၁၈:၀၀)နာရီအချိန်မှ (၂၄:၀၀)နာရီအချိန်အထိ ယာဥ်များအဝင်/အထွက် စစ်ဆေးခြင်းအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းအားဖြည့်ကူညီဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ သဲနီကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှုများမဖြစ်ပွားစေရန် ပြည်သူများလိုက်နာကျင့်သုံးရမည့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များအား အသိပညာပေးဟောပြောခြင်း၊ အခြားသောသဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသံချဲ့စက်အသုံးပြု၍ အသိပညာပေးနှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း(Mask)များနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ မှော်ဇာ ကျေးရွာအုပ်စု၊ လင်းရွာကျေးရွာနှင့် ကြခတ်ကျေးရွာအုပ်စု၊ ထန်းကဲကျေးရွာတို့၌ (၁၈-၉-၂၀၂၀)ရက်နေ့၊ (၁၇:၃၀)နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့ပြီး မန်ကျည်းပင်နှင့် ကုက္ကိုပင်ပြိုလဲမှုကြောင့် သစ်ပင်ပိပြိုလဲနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာတို့အား (၂၀-၉-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Loi Kham Women Organization အဖွဲ့နှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်း ကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် (၁၉-၉-၂၀၂၀)ရက်နေ့၊ နံနက် (၇:၃၀) နာရီအချိန်မှ (ဝ၉:၃၀)နာရီအချိန်ထိ လွိုင်လင်မြို့၊ ရပ်ကွက်(၄)၊ မြို့လယ်ကျောင်း၊ ပျံကျစျေး၌လည်းကောင်း၊ လူစည်ကားရာလမ်းဆုံနှင့် ပင်လုံအဝင်အထွက်လမ်းမကြီး၌ လည်းကောင်း၊ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်၊ မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ … Read more









