လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ မှော်ဇာ ကျေးရွာအုပ်စု၊ လင်းရွာကျေးရွာနှင့် ကြခတ်ကျေးရွာအုပ်စု၊ ထန်းကဲကျေးရွာတို့၌ (၁၈-၉-၂၀၂၀)ရက်နေ့၊ (၁၇:၃၀)နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့ပြီး မန်ကျည်းပင်နှင့် ကုက္ကိုပင်ပြိုလဲမှုကြောင့် သစ်ပင်ပိပြိုလဲနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာတို့အား (၂၀-၉-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_sep2020

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events