COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ သဲနီကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှုများမဖြစ်ပွားစေရန် ပြည်သူများ‌လိုက်နာကျင့်သုံးရမည့် ကျန်းမာ‌ရေးဆိုင်ရာ အမူအကျင့်များအား အသိပညာပေးဟောပြောခြင်း၊ အခြားသောသဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသံချဲ့စက်အသုံးပြု၍ အသိပညာပေးနှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း(Mask)များနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_sep2020

Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events