လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Loi Kham Women Organization အဖွဲ့နှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်း ကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် (၁၉-၉-၂၀၂၀)ရက်နေ့၊ နံနက် (၇:၃၀) နာရီအချိန်မှ (ဝ၉:၃၀)နာရီအချိန်ထိ လွိုင်လင်မြို့၊ ရပ်ကွက်(၄)၊ မြို့လယ်ကျောင်း၊ ပျံကျစျေး၌လည်းကောင်း၊ လူစည်ကားရာလမ်းဆုံနှင့် ပင်လုံအဝင်အထွက်လမ်းမကြီး၌ လည်းကောင်း၊ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်၊ မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲအပြင်သို့လုံးဝမထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက နှာခေါင်းစည်း (mask) များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော Covid-19 ကူးစက် ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် ၊ ရပ်ဝေးခရီးသွားများ ဝင်ရောက်လာသူများရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန်နှင့် ပြည်သူအားလုံးပူးပေါင်း ပါဝင်ကြရန် အသံချဲ့စက်ဖြင့် လိုက်လံဆော်သြပြီး တေးသီချင်းဖြင့် သရုပ်ဖော်ပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်များအား အသိပညာပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (mask) များဖြန့်ဝေခြင်း၊ Covid-19 အသိပညာပေး လက်ကမ်းစာ စောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန် လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း/ဖြန့်ဝေခြင်း၊ ဗွီနှိုင်းကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_sep2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)