ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀)ရက်နေ့ (၀၉:၀၅) နာရီအချိန်တွင် ​လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအုပ်စု ၊ပင်လယ်ကမ်းကျေးရွာ၌​ဖြစ်ပွားခဲ့သော ရေဘေးမှ ဘေးသင့် အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝ/-) ကျပ်နှင့် ဘေးသင့်ပြည်သူ (၄) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-) ကျပ်၊ စုစုပေါင်း (၄၀၈,၄၀၀/-) ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁) စုံတို့အား (၁၉-၉-၂၀၂၀)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လယ်/ဆည်ဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ တိုင်းဒေသကြီးဦးစီးမှူး၊ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#tny_sep2020

Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events