Category Archives: News
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ယာတောကျေးရွာအုပ်စု၊ ရေမွှေးကျေးရွာအုပ်စု၊ ချဉ်ယုတ်ကွင်းကျေးရွာအုပ်စုနှင့် ရေကြည်ကျေးရွာ အုပ်စုရှိ ကျေးရွာ (၇) ရွာမှ ရေဘေးသင့် အိမ်ထောင်စု (၁၃၆)စု၊ လူဦးရေ (၄၇၁) ဦးတို့အတွက် ဆန်ရိက္ခာ (၁၀) ရက်စာနှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေကျပ်၊ စုစုပေါင်း (၁,၅၃၅,၄၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပခုက္ကူမြို့နယ်၊ ပြောင်းရွှေ့စုရပ် စခန်း (၄၃) ခုတွင်၊ ရပ်ကွက် (၆) ရပ်ကွက် ၊ ကျေးရွာအုပ်စု (၂၅) အုပ်စု၊ ကျေးရွာ (၈၈) ရွာတို့မှ အိမ်ခြေ (၉၅၂၄) လုံး၊ အိမ်ထောင်စု (၁၀၆၆၇) စုမှ လူးဦးရေစုစုပေါင်း (၄၈၄၇၆) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ရက်စာ ထောက်ပံ့ငွေကျပ် (၂၉,၀၈၅,၆၀၀) အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့့်အဖွဲ့ဝင်များသည် ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝင်း၊ … Read more
-
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ ကြအိုကျွန်းကျေးရွာ ရေဘေး ရွှေ့ပြောင်းအိမ်ထောင်စု(၃၄၀)စုမှ လူဦးရေ (၁၂၅၂)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာဖိုးကျသင့် ငွေကျပ် (၁၁၂၆၈၀၀)၊ ခေါက်ဆွဲခြောက်တန်ဖိုးငွေကျပ် (၃၃၈၀၄၀)၊ ငါးသေတ္တာဗူးတန်ဖိုးငွေကျပ် (၃၀၆၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၇၇၀၈၄၀)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (၆-၈-၂၀၁၆) ရက်နေ့တွင်လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ရေဘေးရှောင်မိဘပြည်သူများကို အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးတွင် ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ ကယ်ဆယ်ရေးစခန်း(၁)၊ ရှမ်းကျောင်းကြီး တွင် ရောက်ရှိနေသောရေပေါ်သောင်အုပ်စု၊ အလယ်ကင်းရွာမှ ရေဘေးသင့် ပြည်သူများအားဖြစ်သော အိမ်ထောင်စု (၂၄)စုမှ လူဦးရေ (၉၃)ဦးအား ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ (၂၄)အိမ်ထောင်စာ၊ ခေါက်ဆွဲခြောက် (၃၁)ဖာ၊ စားဆီ (၂)ဖာ၊ ရေသန့်နှင့် ဆန်ရိက္ခာ (၃)ရက်စာတန်ဖိုးငွေကျပ် (၈၃၇၀၀) တို့အား (၆-၈-၂၀၁၆)ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ပြီး ဥက္ကံကယ်ဆယ်ရေးစခန်းသို့ ဆက်လက်ထွက်ခွာ လျက်ရှိကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အထက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့့အစည်းများ၊ ဖောင်ဒေးရှင်းများ တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း
၁။ ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ တွင် အစိုးရအဖွဲ့တစ်ဖွဲ့တည်းက ဆောင်ရွက်နေခြင်းထက် လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများက ပါ စနစ်တကျပူးပေါင်းပါဝင််ဆောင်ရွက်ခြင်းဖြင့် ပြည်သူများတိုက်ရိုက်အကျိုးခံစားမှု ပိုမိုရရှိမည် ဖြစ် ကြောင်း ယနေ့နံနံက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ Hotel Mandalay ၌ ကျင်းပပြုလုပ် သည့် အထက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ြပန်လည်နေရာချထားရေးဝန်ကြီးဌာန ြပည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးမှ ပြောကြားခဲ့ပါသည်။ ၂။ ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ပြောကြားရာတွင် ပြည်သူကရွေးချယ်သော ပြည်သူ့အစိုးရက … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင်ရေဘေးထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ ကျေးရွာများတွင် (၅-၈-၂၀၁၆) ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း (၄)ခုသို့ရောက်ရှိနေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၃၆)စုမှ လူဦးရေ (၁၅၄) ဦးအတွက် ဆန် (၃) ရက်စာတန်ဖိုးငွေကျပ် (၁၂၇,၀၅၀)၊ ငါးသေတ္တာတန်ဖိုးငွေကျပ် (၃၆,၇၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၁၆၃၇၅၀)အား (၆-၈-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဦးစီးမှူးမှ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများသို့ထောက်ပံ့နိုင်ရေးကနဦးသတင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေဘေးကြောင့်ပြောင်းရွှေ့ခဲ့ရသည့် တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့များရှိ စုစည်းစခန်းများသို့ ထောက်ပံ့ရန် ကယ်ဆယ်ရေးပစ္စည်းများ၊ ခေါက်ဆွဲခြောက်၊ စားသုံးဆီများ၊ ရေသန့်ဘူးများတင်ဆောင်၍ (၆-၈-၂၀၁၆)ရက်နေ့တွင် ဘေးသင့်ပြည်သူများသို့ ပေးဝေနိုင်ရေးအတွက် ထွက်ခွာဆောင်ရွက်လျှက်ရှိပါကြောင်း ကနဦးသတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်တွင် ရေဘေးထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မှက္ကတန်ကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ပြည်သူများဖြစ်သော အိမ်ထောင်စု (၁၉၁)စုရှိ လူဦးရေ (၇၅၀) တို့အား ဆန်ရိက္ခာ (၁၀) ရက်စာနှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် (၁၂၁၈၆၀၀)ကို (၆-၈-၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ တာ၀န်ရှိသူများကကျေးရွာအရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအုပ်စုတွင် ရေဘေးထောက်ပံ့မှုသတင်း
ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအုပ်စု၊ မြင်းကပါကျေးရွာတွင် ရေဘေးသင့် အိမ်ထောင်စု(၁၅၄)စု၊ လူဦးရေ (၇၀၈)ဦး အတွက် ဆန်ရိက္ခာ (၃)ရက်စာ ကျသင့်ငွေကျပ် (၆၃၇၂၀၀) ခေါက်ဆွဲခြောက်တန်ဖိုးငွေကျပ် (၁၉၁၁၆၀)နှင့် ငါးသေတ္တာတန်ဖိုးငွေကျပ် (၁၃၈၆၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၉၆၆၉၆၀)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးရှိတာ၀န်ရှိသူများမှ မြင်းကပါအုပ်ချုပ်ရေးမှူးထံသို့ (၅.၈.၂၀၁၆)ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဟင်္သာတခရိုင်အတွင်းရှိ ဇလွန်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ ဟင်္သာတမြို့နယ်များတွင် မြစ်ရေမြင့်တက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းနေထိုင်ကြသူများဖြစ်သော အိမ်ခြေ (၇၃၁)အိမ်၊ အိမ်ထောင်စု (၇၃၁)စုတို့မှ လူဦးရေ စုစုပေါင်း (၂၁၇၅)ဦးတို့အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၂,၁၉၆,၀၀၀)၊ သောက်ရေသန့်တန်ဖိုးငွေကျပ် (၇၃၁,၀၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၃၀,၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေကျပ် (၅၄,၅၈၆) စုစုပေါင်း တန်ဖိုးငွေကျပ် (၃,၁၁၁,၅၈၆)တို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများက (၅-၈-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။









