ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

ဟင်္သာတခရိုင်အတွင်းရှိ ဇလွန်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ ဟင်္သာတမြို့နယ်များတွင် မြစ်ရေမြင့်တက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းနေထိုင်ကြသူများဖြစ်သော  အိမ်ခြေ (၇၃၁)အိမ်၊ အိမ်ထောင်စု (၇၃၁)စုတို့မှ လူဦးရေ စုစုပေါင်း (၂၁၇၅)ဦးတို့အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၂,၁၉၆,၀၀၀)၊ သောက်ရေသန့်တန်ဖိုးငွေကျပ် (၇၃၁,၀၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၃၀,၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေကျပ် (၅၄,၅၈၆) စုစုပေါင်း တန်ဖိုးငွေကျပ် (၃,၁၁၁,၅၈၆)တို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများက (၅-၈-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events