လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အထက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့့အစည်းများ၊ ဖောင်ဒေးရှင်းများ တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

113 114

၁။      ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ တွင် အစိုးရအဖွဲ့တစ်ဖွဲ့တည်းက ဆောင်ရွက်နေခြင်းထက် လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများက ပါ စနစ်တကျပူးပေါင်းပါဝင််ဆောင်ရွက်ခြင်းဖြင့် ပြည်သူများတိုက်ရိုက်အကျိုးခံစားမှု ပိုမိုရရှိမည် ဖြစ် ကြောင်း ယနေ့နံနံက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ Hotel Mandalay ၌ ကျင်းပပြုလုပ် သည့် အထက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ြပန်လည်နေရာချထားရေးဝန်ကြီးဌာန ြပည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးမှ ပြောကြားခဲ့ပါသည်။

၂။      ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ပြောကြားရာတွင် ပြည်သူကရွေးချယ်သော ပြည်သူ့အစိုးရက စစ်မှန်သောဒီမိုကရေစီလမ်းစဥ်ဖြင့် ချီတက်ရာဝယ် လွတ်လပ်လုံခြုံသောလူမှုအဖွဲ့အစည်း၊ တရားမျှတပြီး ဥပဒေသက်ရောက်သောစနစ်နှင့် အေးချမ်းသာယာပြီး လုံခြုံစိတ်ချဖွံ့ဖြိုးတိုးတက်သော လူနေမှုဘဝရရှိစေ ရေးအတွက် ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်သွားမည် ဟူသော ယုံကြည်ချက်ဖြင့် ပြည်သူများအကျိုး ရှိအောင် ယနေ့တွေ့ဆုံပွဲကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနကို ဦးစီးဌာန(၂)ခုဖြင့် ဖွဲ့ စည်းထားရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်  ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကလေးနှင့်လူငယ်လူရွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အို များနှင့် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ စသည့်  မွေးကင်းစမှ သက်ကြီးရွယ်အိုထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို   ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်          ေရး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီး ဌာနသည်  လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပြည်သူ့အတွက် ထိရောက်သော ကူညီမှုဖြစ်စေဖို့ ပြောင်းလဲဆောင်ရွက်နေပြီဖြစ်၍ အစိုးရပြည်သူနှင့် လူမှုအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန်နှင့် လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း လုပ်ငန်းများထပ်နေမှု၊ ကျန်ရှိ မှု မရှိစေရေး၊ သတင်းအချက်အလက်အမှန်ရယူ၍ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း လတ်တလော တိုင်းဒေသကြီး(၅)ခုတွင် ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုနှင့် စပ်လျဥ်း၍ ကူညီထောက်ပံ့ရေးလုပ်ငန်း များကို သက်ဆိုင်ရာတိုင်းဒေသကြီးများရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးများနှင့် ဆက်သွယ်ဆောင်ရွက်သွားပါရန်နှင့် မိမိတို့အနေဖြင့်လည်း ယခင်က ဆန်ရိက္ခာ(၃)ရက်စာ ထောက်ပံ့ပေး လျက်ရှိရာမှ ရေတက်ရေကျမှုအပေါ်မူတည်၍ လိုအပ်သလို ဆက်လက်တိုးမြှင့်ထောက်ပံ့ပေးနိုင်ရေး စီစဥ် ဆောင်ရွက်ပေးထားပြီး ဖြစ်ပါကြောင်း၊ သဘာဝဘေးဆိုင်ရာအချက်အလက်များအား လက်ကိုင်ဖုန်း များမှ တဆင့် ပေးပို့နိုင်ရေး  KOBO Application ကိုလည်း အသုံးပြုပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၃။      ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ ဝန်ကြီးဌာနအနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်သူများနှင့်လူမှုအခက်အခဲများကို ကျော်လွှားနိုင် အောင် စနစ်တကျစီမံခန့်ခွဲပေးမည်ကို ကြားသိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ လူမှုရေးအဖွဲ့ အစည်းများအနေဖြင့်လည်း ပြည်သူအတွက် ထိရောက်တဲ့ကူညီမှု ဖြစ်စေဖို့ ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသို့ ပြည်သူ့အကျိုးအတွက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မည် ဟူသည့် သံဓိဌာန်ဖြင့် လာရောက်သည်ဟု ယုံကြည်ပါကြောင်း၊ ဆွေးနွေးလိုသည်များအား ပွင့်ပွင့်လင်း လင်းဆွေးနွေးပေးရန် ဖြစ်ကြောင်း ပြောကြားပါသည်။

၄။      ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ြပန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်မှ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြ ပြီး တက်ရောက်လာသည့် လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဥ်း ၍ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြပါသည်။

၅။      မန္တလေးတိုင်းဒေသကြီးကိုယ်ပိုင်ကျောင်းများအသင်းမှ လှူဒါန်းသော အလှူငွေကျပ်သိန်း(၁၀၀) အား ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူပြီး လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များတွင် အသုံးပြုနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံသို့ လွှဲ ပြောင်းပေးအပ်ခဲ့ပါကြောင်းနှင့် ယနေ့ဆွေးနွေးပွဲသို့ အထက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့အစည်း၊ ဖောင်ဒေး ရှင်း(၃၅၀)ဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၆၀၀)ဦး ခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events