ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအုပ်စု၊ မြင်းကပါကျေးရွာတွင် ရေဘေးသင့် အိမ်ထောင်စု(၁၅၄)စု၊ လူဦးရေ (၇၀၈)ဦး အတွက် ဆန်ရိက္ခာ (၃)ရက်စာ ကျသင့်ငွေကျပ် (၆၃၇၂၀၀) ခေါက်ဆွဲခြောက်တန်ဖိုးငွေကျပ် (၁၉၁၁၆၀)နှင့် ငါးသေတ္တာတန်ဖိုးငွေကျပ် (၁၃၈၆၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၉၆၆၉၆၀)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးရှိတာ၀န်ရှိသူများမှ မြင်းကပါအုပ်ချုပ်ရေးမှူးထံသို့ (၅.၈.၂၀၁၆)ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။