Category Archives: News
-
မကွေးတိုင်းဦးစီးမှူးရုံး (ကဆရ) နှင့် မကွေးပရဟိတအဖွဲ့တို့ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးပရဟိတအဖွဲ့နှင့် ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဆည်မုန်းကျေးရွာသို့သွားရောက်၍ ရေဘေးသင့်ခဲ့သော အိမ်ထောင်စု (၃၃ဝ) အတွက် ဆန် (၃၃ဝ) ပြည် ကို (၇-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပြီး၊ မကွေးပရဟိတအဖွဲ့မှ လည်း (၁ဝ) သိန်းတန်ဖိုးရှိ ရေသန့်နှင့်မုန့်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ညောင်ဦးမြို့နယ်အတွင်းရှိ ပုလင်းကျေးရွာ၊ သူကောင်းတည်ကျေးရွာနှင့် အထက်ညည့်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ ပုလင်းကျေးရွာ၊ သူကောင်းတည်ကျေးရွာနှင့် အထက်ညည့်ကျေးရွာများရှိ ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု (၉၁) စု၊ လူဦးရေ (၃၉၀) ဦးအတွက် ခေါက်ဆွဲခြောက် (၇၈၀) ထုပ်၊ ငါးသေတ္တာ(၂၇၃) ဘူးနှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၂၂၄,၁၀၀) အား (၇-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး
-
ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့တွင် ရေဘေးထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ယာယီ ပြောင်းရွှေ့ ထားသည့် ပြည်သူများအား ကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စုအလိုက် ြဖန့်ခွဲထားရှိလျက် ရှိပါသည်။ အင်းဝကျောင်းတိုက်တွင် ရေပေါ်သောင်အုပ်စု၊ အလယ်ကင်းရွာမှ အိမ်ထောင်စု (၅၁) လူဦးရေ (၁၇၈) ဦး၊ ပခန်းကြီးကျောင်းတိုက်တွင် အလယ်သင်းရွာမှ အိမ်ထောင်စု (၄၇) ၊ လူဦးရေ (၁၂၄) ဦး၊ မြို့ဦးရိပ်သာကျောင်းတိုက်တွင် ရေပြန်ကြီးရွာ၊ ချောင်းကြီးရွာ၊ ရေလဲရွာမှ အိမ်ထောင်စု (၈၅)၊ လူဦးရေ (၂၂၉) ဦး၊ ငါးလာချောင်း ကျောင်းနှင့်ဓမ္မာရုံတွင် ငါးလာချောင်းကျေးရွာအုပ်စုမှ အိမ်ထောင်စု … Read more
-
သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် အောင်လံမြို့နယ်အတွင်း (၂-၈-၂၀၁၆) ရက်နေ့မှ (၄-၈-၂၀၁၆) ရက်နေ့အထိ ရေဘေးသင့်ပြောင်းရွှေ့ အိမ်ထောင်စု (၁၉၁၃) စု၊ လူဦးရေ (၇၇၇၃) တို့အတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ၊ (၆,၉၉၅,၇၀၀) ကျပ်အား (၆-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး
-
သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် မင်းလှမြို့နယ်အတွင်း (၁-၈-၂၀၁၆)ရက်နေ့မှ (၅-၈-၂၀၁၆)ရက်နေ့အထိရေဘေးကြောင့်ပြောင်းရွှေ့အိမ်ထောင်စု (၁၀၃၇)စုမှ လူဦးရေ (၄၁၀၁)ဦးတို့အတွက် ဆန်ဖိုးငွေ ၃ ရက်စာ (၃,၆၉၀,၉၀၀)ကျပ်နှင့် ငါးသေတ္တာဘူးတန်ဖိုးငွေ (၉၃၃၃၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄,၆၂၄,၂၀၀)အား (၆-၈-၂၀၁၆)ရက်နေ့တွင် မင်းလှမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်စမ်းအောက်ရုံ၊ အလက်ချောင်းရပ်ကွက်၊ အလက်ချောင်းအပိုင်တွင် (၆-၈-၂၀၁၆)နေ့ (၁၂:၃၀)နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၉)လုံးအတွက်ထောက်ပံ့ငွေကျပ် (၁၈၀,၀၀၀)၊ လူဦးရေ (၃၆)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာဖိုးငွေကျပ် (၃၂၄၀၀)၊ စုစုပေါ်င်းတန်ဖိုးငွေကျပ်(၂၁၂,၄၀၀)နှင့် အိမ်ထောင်စု (၁၀)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးအား (၆-၈-၂၀၁၆)နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
Test
Test
-
ဟင်္သာတခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း
ဟင်္သာတခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများတွင်ရောက်ရှိနေသော ရေဘေးသင့် အိမ်ထောင်စု (၁၂၈၇)စုမှ လူဦးရေစုစုပေါင်း (၄၈၃၇)ဦးတို့အတွက် ဆန် (၃)ရက်စာတန်ဖိုးငွေကျပ် (၃,၇၇၈,၉၀၆)၊ ရေသန့်တန်ဖိုးငွေကျပ် (၇၅,၆၅၀)၊ မုန့်တန်ဖိုး ငွေကျပ် (၅၆၀၀)နှင့် ငါးသေတ္တာတန်ဖိုးငွေကျပ် (၁,၆၁၈,၂၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၅,၄၇၈,၃၅၆)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ (၆-၈-၂၀၁၆)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
-
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် ညောင်ဦးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ ရေဘေးရွှေ့ပြောင်း အိမ်ထောင်စု (၁၂၈)စုမှ လူဦးရေ (၅၀၆)ဦး အတွက် ဆန်ရိက္ခာ (၃)ရက်စာ တန်ဖိုးငွေကျပ် (၄၅၅၄၀၀)၊ ခေါက်ဆွဲခြောက်တန်ဖိုးငွေကျပ် (၁၃၆၆၂၀)နှင့် ငါးသေတ္တာဗူးတန်ဖိုးငွေကျပ် (၁၁၅၂၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၇၀၇၂၂၀)အား (၄-၈-၂၀၁၆)ရက်နေ့တွင် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။









