ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် ညောင်ဦးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ ရေဘေးရွှေ့ပြောင်း အိမ်ထောင်စု (၁၂၈)စုမှ လူဦးရေ (၅၀၆)ဦး အတွက် ဆန်ရိက္ခာ (၃)ရက်စာ တန်ဖိုးငွေကျပ် (၄၅၅၄၀၀)၊ ခေါက်ဆွဲခြောက်တန်ဖိုးငွေကျပ် (၁၃၆၆၂၀)နှင့် ငါးသေတ္တာဗူးတန်ဖိုးငွေကျပ် (၁၁၅၂၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၇၀၇၂၂၀)အား (၄-၈-၂၀၁၆)ရက်နေ့တွင် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။