Category Archives: News
-
စျေးမသွယ်အထက်ကျေးရွာ စာသင်ကျောင်း (အလကခွဲ) ၌ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
(၂၁ ၉ ၂၀၁၆) နေ့၊ စျေးမသွယ်အထက်ကျေးရွာ စာသင်ကျောင်း (အလကခွဲ) တွင် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၃၀) ဦးအား သထုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကေသီမာမှ သဘာဝဘေး ရှောင်ရန်/ဆောင်ရန်များ ဟောပြောခဲ့ပြီး ပိုစတာ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ၄င်းအပြင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်မှ လူငယ်နှင့်စာဖတ်ခြင်းအားလည်းကောင်း သုဓမ္မဝတီ နယ်မြေစခန်းမှူး ရဲအုပ်ဝင်းမင်းသန့်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မှုခင်းအသိပညာပေးအကြောင်း အသီးသီးပြောကြားခဲ့ကာ ရသ၊ သုတ အသိပညာပေးစာအုပ်များ ဝေငှခဲ့ကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုဆိုင်ရာ သတင်းအချက်အလက်များကို KOBO Mobile Application အား အသုံးပြု၍ ကောက်ယူနိုင်ရေးနှင့် DAN Mobile Application အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကျင်းပခြင်း
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုဆိုင်ရာ သတင်းအချက်အလက်များကို KOBO Mobile Application အား အသုံးပြု၍ ကောက်ယူနိုင်ရေးနှင့် DAN Mobile Application အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို (၂၁-၉-၂၀၁၆) ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)၊ Emergency Operation Center အဆောက်အဦသစ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးနှင့် ပြည်နယ်/တိုင်းဒေသကြီးဦးစီးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ (၁၇-၉-၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ (၁၇-၉-၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုကြောင့် လူ (၂)ဦး သေဆုံးခဲ့ရာ သေဆုံးသူ ဦးမြင့်ဦးနှင့် ဦးမျိုးဝင်းတို့ (၂)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၁၀၀,၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ငွေ(၂၀၀,၀၀၀/-)ကျပ်အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အောင်သပြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သေဆုံးသူ (၂)ဦး၏ သက်ဆိုင်သူမိသားစုများအား ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဥတ္တရသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ကုလားကျေးရွာတွင် ဆင်သေချောင်းရေတိုက်စားမှုကြောင့် ကမ်းပါး ထပ်မံပြိုကျခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးခြင်း
(၁၆.၉.၂၀၁၆)ရက်နေ့၌ ဥတ္တရသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ကုလားကျေးရွာတွင် ဆင်သေချောင်းရေတိုက်စားမှုကြောင့် ကမ်းပါး ထပ်မံပြိုကျခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ထောင်စု(၃)စုအား ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆီ(၅၀)သား၊ အဝတ်အထည် (၁)ထုပ်အား ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ (၁၉.၉.၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများထံသို့ သွားရောက် အားပေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၆ခုနှစ် ၊ စက်တင်ဘာလ(၂၀) ရက်နေ့တွင် နေပြည်တော်မှ မော်တော်ယာဥ်ဖြင့် ထွက်ခွာခဲ့ရာ နေ့လည်ပိုင်းတွင် ဘားအံမြို့သို့ ရောက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေး မြင့်နှင့် တာဝန်ရှိသူများက ပြည်နယ်ပြည်ထောင်စုရိပ်သာတွင် ကြိုဆိုကြပါသည်။ ၎င်းမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ ဘုန်းတော်ကြီးကျောင်းရှိ မဲသဝေါဒေသ တိုက်ပွဲရှောင်ပြည်သူများထံသို့ရောက်ရှိကြရာ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် မကြာမီကာလတွင် မိမိတို့၏နေရပ်သို့ ပြန်လည်ရောက်ရှိကြတော့မည်ဟု သိရှိရပါကြောင်း၊ မိမိသည် ပြည်ထောင်စုအစိုးရအနေဖြင့် လာရောက်ကြည့်ရှုထောက်ပံ့ခြင်းဖြစ်ပြီး ပြီးခဲ့သည် ရက်ပိုင်းကလည်း မိမိတို့ လူမှုဝန်ထမ်း၊ … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊သံကိုင်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘေးသင့်အိမ်ထောင်စု(၃၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ အမ်ဆောက်ပစ္စည်းဖိုး(၇၆၀၀၀၀ိ/-)၊ဆန်ရိက္ခာဖိုး (၁၇၄၆၀၀ိ/-)၊စုစုပေါင်း(၉၃၄၆၀၀ိ/-)အား ပွင့်ဖြူမြို့နယ်ထွေ/အုပ်ရုံး ၌ သံကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (၁၅.၉.၂၀၁၆)ရက်နေ့တွင် လွှဲပြောင်းထောက်ပ့ံခဲ့ကြောင်းသတင်းရရှိပါသည်၊၊
-
ဝန်ကြီးဌာနတွင် သုတေသနစင်တာတစ်ခုတည်ထောင်ရန် အလှူငွေပေးအပ်မှုသတင်း
နေပြည်တော်၊ ၁၄-၉-၂၀၁၆ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ၀န်ကြီးဌာနက မူ၀ါဒနှင့်ဥပဒေများရေးဆွဲရာတွင်လည်းကောင်း၊ စီမံ ချက်များ၊ရေတိုရေရှည် စီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း ပြည်သူလူထုအတွက်ပိုမိုထိရောက်စွာ အကျိုးပြုနိုင်စေရန် အထောက်အထားအခြေပြု သုတေသနရလဒ်များ ရရှိရန် လိုအပ်ပါသည်။ ထို့ကြောင့် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့် သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနစင်တာတစ်ခု ဖွဲ့စည်းတည်ထောင်ရန် လိုအပ်သဖြင့် မတည်ငွေအလှူရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ ဒေါက်တာမောင်မောင်မြင့် (ပြည်တွင်း/ပြည်ပအလှူရှင်မိတ်ဆွေများ) မှ လှူဒါန်းငွေကျပ်(၃၆၂၀၅၆၀၀) (ကျပ်သုံးရာခြောက်ဆယ့်နှစ်သိန်း ငါးထောင်ခြောက်ရာတိတိ) ကို အဆိုပါ၀န်ကြီးဌာနရှိ သုတေသနစင်တာဖွင့်လှစ်မည့်နေရာတွင် ၁၄-၉-၂၀၁၆ … Read more
-
ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာအုပ်စု မိုးစွေကျေးရွာရှိ ရေနှင့်မျောပါသေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
(၁၂.၉.၂၀၁၆) ရက်နေ့ ငလိုက်ချောင်း ရေကြီးမှုကြောင့် ရေနှင့် မျောပါသေဆုံးခဲ့သူ၏ ဇနီးဖြစ်သူအား ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ထောက်ပံ့ငွေ (၁) သိန်းအား (၁၅.၉.၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
“(၆) ကြိမ်မြောက် အာဆီယံသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ သဘာဝဘေး အန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် သဏ္ဌာန်တူလေ့ကျင့်ခန်း” ဖွင့်ပွဲ အခမ်း အနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် United Nation Development Programme (UNDP) တို့ပူးပေါင်း၍ အာဆီယံသဘာဝ ဘေးစီမံခန့်ခွဲမှုကော်မတီ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ (၆) ကြိမ် မြောက် အစည်းအဝေးနှင့် သဏ္ဌာန်တူ လေ့ကျင့်ခန်းဖွင့်ပွဲ အခမ်းအနားကို (၁၅-၉-၂၀၁၆)ရက်နေ့၊ နံနက် (၀၈:၃၀) မှစ၍ Park Royal Hotel တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ … Read more









