(၂၁ ၉ ၂၀၁၆) နေ့၊ စျေးမသွယ်အထက်ကျေးရွာ စာသင်ကျောင်း (အလကခွဲ) တွင် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၃၀) ဦးအား သထုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကေသီမာမှ သဘာဝဘေး ရှောင်ရန်/ဆောင်ရန်များ ဟောပြောခဲ့ပြီး ပိုစတာ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ၄င်းအပြင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်မှ လူငယ်နှင့်စာဖတ်ခြင်းအားလည်းကောင်း သုဓမ္မဝတီ နယ်မြေစခန်းမှူး ရဲအုပ်ဝင်းမင်းသန့်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မှုခင်းအသိပညာပေးအကြောင်း အသီးသီးပြောကြားခဲ့ကာ ရသ၊ သုတ အသိပညာပေးစာအုပ်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)