လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများထံသို့ သွားရောက် အားပေးထောက်ပံ့ပေးမှုသတင်း

21i

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၆ခုနှစ် ၊ စက်တင်ဘာလ(၂၀) ရက်နေ့တွင် နေပြည်တော်မှ မော်တော်ယာဥ်ဖြင့် ထွက်ခွာခဲ့ရာ နေ့လည်ပိုင်းတွင် ဘားအံမြို့သို့ ရောက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေး မြင့်နှင့် တာဝန်ရှိသူများက ပြည်နယ်ပြည်ထောင်စုရိပ်သာတွင် ကြိုဆိုကြပါသည်။

၎င်းမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင်‌့အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ ဘုန်းတော်ကြီးကျောင်းရှိ မဲသဝေါဒေသ တိုက်ပွဲရှောင်ပြည်သူများထံသို့ရောက်ရှိကြရာ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် မကြာမီကာလတွင် မိမိတို့၏နေရပ်သို့ ပြန်လည်ရောက်ရှိကြတော့မည်ဟု သိရှိရပါကြောင်း၊ မိမိသည် ပြည်ထောင်စုအစိုးရအနေဖြင့် လာရောက်ကြည့်ရှုထောက်ပံ့ခြင်းဖြစ်ပြီး  ပြီးခဲ့သည်‌ ရက်ပိုင်းကလည်း မိမိတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စား ညွှန်ကြားရေးမှူးချုပ်က လာရောက်ထောက်ပံ့ခဲ့ပါကြောင်း၊ ယခုပြည်သူများတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြပြီး မိမိတို့နေရပ်ပြန်လည်ရောက်ရှိပါက စိတ်ဓာတ်ပိုမိုမြင့်မားစေရေးနှင့် သက်မွေးမှုလုပ်ငန်းများ ပိုမို တိုးတက်မြင့်မားစေရေးအတွက် စိတ်ဓာတ်ခွန်အား မြင့်တင်ရေးအစီအစဥ်များ စက်ချုပ် သင်တန်းနှင့် အိမ်တွင်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ထူထောင်ရေးတွင် မိမိတို့၏ မူလအ‌ြေခအနေများထက် ပိုမိုကောင်းမွန်အောင် ကူညီဆောင်ရွက် ပေးမည်ြဖစ်ကြောင်း ပြောကြားပြီး တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ ကလေးကစားစရာ အရုပ်များ၊ စားစရာမုန့်များ၊ ဖတ်ရှုရန် မေ့ရင်သွေးဂျာနယ်စာအုပ်များ၊ အဝတ်အထည်များနှင့် အပ်ချုပ်စက်(၁၀)လုံးတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်စာစခန်း ဘုန်းတော်ကြီးကျောင်း ရှိတိုက်ပွဲရှောင်ပြည်သူများနှင့် ကလေးငယ်များ စာပေသင်ကြားမှုအ‌ြေခအနေ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုအ‌ြေခအနေများကို လှည့်လည်ကြည့်ရှုပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကန်တော့ကာ လှူဖွယ်ဝတ္တုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂)တပ်မတော်ဆေးရုံ (ခုတင် – ၁၀၀) သို့ရောက်ရှိရာ ဆေးရုံတက်ရောက်ကုသလျက်ရှိသော အရာရှိစစ်သည်များကို လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများကို ပေးအပ်ရာ တာဝန်ရှိသူကလက်ခံရယူခဲ့ပါသည်။

Sign Up

Upcoming Events