နေပြည်တော်၊ ၁၄-၉-၂၀၁၆
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ၀န်ကြီးဌာနက မူ၀ါဒနှင့်ဥပဒေများရေးဆွဲရာတွင်လည်းကောင်း၊ စီမံ ချက်များ၊ရေတိုရေရှည် စီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း ပြည်သူလူထုအတွက်ပိုမိုထိရောက်စွာ အကျိုးပြုနိုင်စေရန် အထောက်အထားအခြေပြု သုတေသနရလဒ်များ ရရှိရန် လိုအပ်ပါသည်။
ထို့ကြောင့် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့် သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနစင်တာတစ်ခု ဖွဲ့စည်းတည်ထောင်ရန် လိုအပ်သဖြင့် မတည်ငွေအလှူရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ ဒေါက်တာမောင်မောင်မြင့် (ပြည်တွင်း/ပြည်ပအလှူရှင်မိတ်ဆွေများ) မှ လှူဒါန်းငွေကျပ်(၃၆၂၀၅၆၀၀) (ကျပ်သုံးရာခြောက်ဆယ့်နှစ်သိန်း ငါးထောင်ခြောက်ရာတိတိ) ကို အဆိုပါ၀န်ကြီးဌာနရှိ သုတေသနစင်တာဖွင့်လှစ်မည့်နေရာတွင် ၁၄-၉-၂၀၁၆ ရက်နေ့ ၊ ညနေပိုင်းက လာရောက်လှူဒါန်းရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက လက်ခံရ ယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: MSWRR