“(၆) ကြိမ်မြောက် အာဆီယံသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ သဘာဝဘေး အန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် သဏ္ဌာန်တူလေ့ကျင့်ခန်း” ဖွင့်ပွဲ အခမ်း အနားကျင်းပမှုသတင်း

a2

 

 

 

 

 

 

a3

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် United Nation Development Programme (UNDP) တို့ပူးပေါင်း၍ အာဆီယံသဘာဝ ဘေးစီမံခန့်ခွဲမှုကော်မတီ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ (၆) ကြိမ် မြောက် အစည်းအဝေးနှင့် သဏ္ဌာန်တူ လေ့ကျင့်ခန်းဖွင့်ပွဲ အခမ်းအနားကို (၁၅-၉-၂၀၁၆)ရက်နေ့၊ နံနက် (၀၈:၃၀) မှစ၍ Park Royal Hotel တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထိုဖွင့်ပွဲအခမ်းအနားသို့ ASEAN Co-ordinating Centre for Humanitarian Assistance on disaster management (AHA Centre), ASEAN အတွင်းရေးမှူးချုပ်ရုံးနှင့် ASEAN နိုင်ငံများမှ (၂၁) ဦး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ (၅၁) ဦးနှင့် UN, INGOs, NGOs များမှ (၂၆) ဦး၊ စုစုပေါင်း (၉၈) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events